ကျွန်ုပ်နာင့် ပစ္စုပ္ပန်များ
------------
စာစု (၉)
ကျွန်ုပ်သည် နှုတ်ကျက်သတ်သည့်
စာဖတ်စနစ်အား အသျှေခါဂဘင်
မကြိုက်။
ကိုယ့် အသံကို ကြားနိန်ယင်း
အိပ်ချင်လာစာ ထိန်းလို့ဂ မနိုင် ယင်။
ရွာမာ တတိတန်းခါ သမိုင်းတစ်ပုဒ်
ဆရာဂ ကျက်ခိုင်းလိုက် လို့ ...
ကျက်မျိုး ကျက် မရခါ
ငိုချင်ပါလတ်ယာ မနားယေ။
ငိုချင်စိတ်နာင့် ကျက်ခါ
အမှန် ငိုချ ပလိုက်တေ အဆင့်
ရောက်လားလီခါ ဘာဘာဂ
“ဇာဖြစ် မောင်မောင်” လို့
ကြောက်လန့်တကြား မိန်းလာလို့
နက်ဖန် စာတက်ရဖို့ စာပုဒ်
ဖတ်မရလို့ ပြောလိုက်ခါ .....
ဘာဘာဂ “ဆုတ်ပလိုက် ယားစာရွက်ကို”
“အဂေါင့် လား ဘာဘာ” လို့
အားတက်သရော ပြန်မိန်းခါ ...
“ယာ ... ထမင်းစားရေ ငါ့သားကို
ထမင်းမစားရေ စာရွက်ဂ အားမနာ ...
ငိုယောင်လုပ်တေ ...
အဂေါင့်ဆုတ် ပလိုက်” လတ် ထော။
“ယဂေ ဆရာ သတ်ဂေဝါ” ဆိုမာ
“မသတ် ဘာဘာလေ့ ကျောင်းမာဟိစာ ယာမနား” ဆိုလို့
တခြွမ်း ခြွမ်း ပျင်ပစ်ယာ မနားယေ။
မိုးထသား မိုးအအီးနင့် အိပ်လို့ခြီနီတုန်း
ဘာဘာဂ ဖင်ချေပုတ်ပျာ
“မောင်မောင် ထ ... ထ ...
ထိုဖက်ကမ်းဂ ရွှေနှင်းခင် ဘားဂ
သမိုင်းစာအုပ် ငှားပစ်ခီ” လတ်ယေ။
ကိုတဂိုင်း ဆုတ်ပလိုက် ဆိုပနာ လေး။
စာအုပ်ငှားလို့ရောက်ခါ ...
“တစ်ကြောင်းချင်း ဆိုကူး မောင်မောင်။
တစ်ကြောင်းပြီးဂေ မောင်မောင် နားလည်ပိုင်
ဘာဘာဂို ပြောပြ”
ယပိုင်နာင့် တစ်ပုဒ်လုံး ကူးလိုက် ပြောလိုက် နာင့်
ပြီးလားခါ ဘာဘာ ဂ အစအဆုံးမှတ်မိသလောက်
တစ်ခေါက် ဘာဘာဂို ပြောပြဘလင် မောင်မောင်” ဆိုလို့
ပြောပြခါ “ငါ့သား မာလိပ်ကျာ တော်ရေ” လို့
လက်ခုပ်တီးပျာ ချီးကျူးလို့ ကျွန်ုပ် မြွပါလား နနုန်း။
(ဘာဘာရေ ကျွန်ုပ်အား တခါတခါ “မာလိပ်ကျာ” လို့ခေါ်ချင့်။
ဇာအဓိပ္ပာယ်ဆိုစာ ကျွန်ုပ် အခုထိ မသိပါ)
“ကျောင်းကိုရောက်ခါလေ့ ဆရာကို ယပိုင်ပြောပြလီ”
“ရဖို့လား ဘာဘာ” “ရရေ မင်းဆရာ ပိုလို့တောင်
သဘောကျဖို့သိမ့်” ဆိုလို့
ပျော်စာမာ မရယာ လေးယေ ...
---------------
ထိုအချိန်ဂဘင် စပျာ ကျွန်ုပ်ရေ
စာတစ်ပုဒ်၏ concepts ကို ရှာပနာ
စာကို နားလည်ဖို့ လုပ်တတ်လာပါရေယေ။
၁၀ တန်းမာ ဘိုင်အိုဂ စာတိကို
concepts ရှာမတွိ။
မျိုးပေါင်းစုတိရှုပ်ရှက် ခပ်ပနာ
မှတ်လီ ရောလီ ...
ရောလီ ထွီးလီ ကျလာယာလေး။
ဆရာဦးအောင်ဇံ တစ်ယောက်
စားပွဲမာ လက်ထောက်ပနာ
ခါးချေကိုင်းလို့ တပျင်းရှင်းပြပါယင့်
ကျွန်ုပ် concepts ရှာမတွိ။
ကျချင်ပိုင်ကျ ဆိုပနာ မျိုးပေါင်းစုတိထဲဂ
“ပလာစမိုဒီယမ်” တစ်ခု
၉တန်း ကို့စ်ဂ ပဟပ်အစာလမ်းကြောင်
၁၀ တန်း ကို့စ်ဂ
ယုန် သွေးလှည့်အဖွဲ့
နှလုံး အစာချေအဖွဲ့လောက်
ပျင်ထားလိုက်တေယာယေ။
ရုက္ခဗေဒကျခါ concept ကောင်းမလို
အပင်တိကို မြငိဖူးနိန်ခါ
မှတ်ရစာ အဆင်ပြေပါ့ယေ။
မြေလျှောက်ပင်ဆိုဂေ မြင်းခွါခွါ
ကိုင်းထောက်မြစ်ဆို ညောင်ပင်
မျိုးပွားရွက်လာဂေ ရွက်ကျပင်ပေါက်
အူး ... အဆင်ကိုပြေလို့။
ထို concepts မမိသော ဘိုင်အိုသည်
ကျွန်ုပ်အား ဆက်သွယ်ရေးပြင်ပ
ရောက်နိန်ရေ ကီးပတ်ဖုန်းသျှောင်
ဒုက္ခကြီးစွာ ပီးခ ဘာလီယင့် ...
Comments
Post a Comment