ကျွန်ုပ်နာင့် ပစ္စုပ္ပန်များ (စာစု- ၂)

 



စာစု (၂)
မြို့မာ မခြီလို့
ရွာကို ထွက်ပြီးလာခါ
ဘာဘာနာင့် အမိ
မျက်စိပြူးလားဂတ်ယာ။
ကျွန်ုပ်ကတော့ အထုပ်ကိုချ
သငေချင်းတိဟိရာကိုလားလို့
အတိုးနာင့် ပျော်နိန်တုန်း။
သားကိုချစ်တေ ဘာဘာနာင့် အမိ
အကြံထုတ်ကတ်တေခါ
အိမ်တစ်ဆောင် ငှားပနာ
အမိနာင့် အတူနိန်ဖို့
အစီအစိုင် ချကတ်တေ။
အမိနာင့်အတူနိန်ရခါ
ကျောင်းမာ ပျော်လားယင်း
သငေချင်းတိ နာင့်
ဘောလုံးကျောက် ...
တောကျောင်းမြောင်မာ
ရီချိုး ...
အတန်းထဲမာ အနိုင်မခံရယောင်
အစ်ကိုတစ်ယောက် မွီးစပ်ထားပနာ
သူ့သင်္ချာကို တွက်ပီးစာနာင့်
အပီးအယူလုပ်ထားလိုက်တေဆိုခါ ...

ကျွန်ုပ် မြို့မာ
ပျော်လားပါယာ။

Comments