ကိုယ့်ရွာနာင့် ကိုယ့်ဇာတ်
တစ်မိုးကုန်လို့
ဝါကျွတ်လပြည့်နိန့်ခါ
လူပျိုဂေါင်းဂ မြို့စတိုင်
လှူဖို့ဆိုပနာ ကြာဆံသုပ် လှူဖို့
စီစိုင်ရေခါ အပျို လပျိုတိ
အလုပ်ကကောင်း မများ ဂတ်။
မြို့မာနိန်ရေ အရီးငွေဖြူ
ရွာကို ဥပုတ်စောင့်ဖို့ရောက်လို့
သူက တာဝန်ယူ ဦးဆောင်ပီးရေ။
လပြည့်ကျော်တစ်ရက်နိန့်ခါ
စိန်ဂျု တစ်ယောက်
မမဲဂျီ အိမ်မာ မျက်နှာသစ်လို့
မြင်ယာဆိုခါ
သင်္ကြန်တုန်းဂ “အင်ဒုံချေ” ကိစ္စ
ဂြင်း ဂြင်း ဂြင်း ...
--------------------------
စိန်ဂျုရေ အချေဂဘင်
အလုပ်ကြိုးစားရေ။
အခင်ချေ လှအောင်အိမ်မာ
မိုးပါ ဆောင်းပါ “ခေါင်ဒလာ” ရာထူး
ရထားရေ။
“ခေါင်ဒလာ” ဆိုစာ
မိုးသီးကျစာနာင့် လယ်ကိစ္စ အဝဝကို
တာဝန်ယူ ဦးဆောင်ရရေ။
လယ်ကျလို့ ပြီးလားခါ
တခြား “အငှားသား “ တိ
အိမ်ပြန်လားခဂေလေး
“ခေါင်ဒလာ” ဂဒေါ့
စပါးပင်တိ ဖြစ်ထွန်းဖို့
မြီဆီထည့်ချိန် ထည့်ဖို့
ပျိုးစိုက်ချိန်မာ ပျိုးစိုက်သားရို့ကို
ကြီးကြပ်ဖို့
ကျွဲ နွား ထိန်းကျောင်းဖို့
ဆက်လို့တာဝန်ယူရရေ။
(“လယ်ထွန်သား” ကို “အငှားသား” ခေါ်စာ
ရွာဓလေ့ပါ)
“ခေါင်ဒလာ” တာဝန်စာ
“တလင်းပွဲ” လို့ “ကရိုးပုံ” တည်ပြီးခါမ
ကျီရေ။
တစ်နွီကတော့
ရှာဇရပျ မာလီခံ။
ထိုရွာ ဒေရွာမာ ချရေ ဘောလုံးပွဲကို
လားကျောက်။
ရွာသကြီး မသိစိုင်
သင်္ချိုင်းတော ဒဗြုတ်ပင်အောင်မာ
ဖဲကစပ် နာင့်ဘင်
လပျိုချေတိ နွီရာသီ အပျင်းဖြေဂတ်တေ။
--------------------------
မမဲဂျီ ကျခါ
အမိတစ်ခုသမီးတစ်ခု။
မမဲကျီအမိရေ
သဘောက်ရက်တေ အလုပ်ကိုလုပ်တေ။
သဘောက် ၁၀ ထည်ရ ဂေ
မမဲဂျီ ခေါင်းမာတင်လို့
ရွာနာင့် ၄ မိုင်ဝီးရေ မြို့ဂ
အခင်ချေ ထွန်းအောင်ဆိုင်မာ
လားသွင်းရေ။
အခင်ချေထွန်းအောင်ရို့လေ့
ကိုယ့်ရွာသားယာ။
မြို့မာ စိမ့်အိုး စိမ့်ခွက်
သဘောက် နှီးဖျာ
မက္ကလာ ခမောက်
အစုံဒိုင်ဖွင့် ထားရေ။
အခင်ချေထွန်းအောင်ရို့
လင်မယား ရွာမာဂဘင်
မမဲဂျီကို ချစ်ကတ်တေ။
သဘောက်သွင်းဖို့လားဂေ
အခင်ချေထွန်းအောင်ရို့
လင်မယား မာ
အိမ်ဂပို့လာရေ ထမင်း ကို
အတူစားခိုင်းပြီးမ ရွာပြန်ခိုင်ရေ။
စားသောက်ပြီးကေ
သဘောက်ခ ယူပျာ
အမိအတွက်
"အဖိုးချေ ဆီးသမား" ဆိုင်ဂ
“မြင်းမိုဂုံး”နာင့် “ဇာတိလက်ဝင်”
ဆီးတိဝယ်ရေ။
အဖိုးချေ ဆီးသမားမယားလေး
ကိုယ့်ရွာသမ။
အမိနာင့် မျိုးစပ် ဆွီစပ်
ကျရေဆိုယင့်။
ယေနာင့် အဘောင်ချေ
ဆိုင်မာဟိဆိုက် နာင့်ကျဂေ
ဆီးခမယူရေအပြင်
အမိအတွက် စားစရာချေတိ
ဝယ်ထည့်ပီးလိုက်သိမ့် ယင့်။
မမဲဂျီမာ ကိုယ့်အတွက်တော့ခါ
“ဝန်နုတ်ကေတန်း” ဂ
“နခမ်းဆို့” “သနပ်ခါးဘူးချေ” တိ
ဝယ်လို့ လေ့စုံယာ
လီကလေ့ပေါက်ယာ ... ဆိုခါ
အဖော်တိနာင့် ရွာပြန်ဂတ်တေ။
___________________
စိန်ဂျုပိုင် လုပ်စားကိုင်စား
တစ်ယောက်ရလာခါ
မမဲဂျီရို့အိမ်မာ
“ဝမ်းစာ” “စပါးရိုင်” နာင့်
ဖြစ်လာရေ။
မမဲဂျီ အဖဆုံးလောက်ဂဘင်
“စပါးရိုင်” ပျောက်လို့
“နပ်ကျီ” ရှာစားလာစာ
အဂု “ခါးထောက် လှလားယာ”။
မမဲဂျီအမိလေး
ခါးကုန်းပါယောင်
သဘောက်ရက်တေ
ဘဝဂလွတ်လားယာ ...
ကျောင်းကန်ကို
စိတ်ဖြောင့် လက်ဖြောင့်
လားနိုင်ယာ ..

Comments
Post a Comment