ကျွန်ုပ်နာင့် ပစ္စုပ္ပန်များ (စာစု- ၁၀)

 


ကျွန်ုပ်နာင့် ပစ္စုပ္ပန်များ

------------
စာစု (၁၀)
နိဂုံး။
ကျွန်ုပ်၏ မူလတန်းလွန်
အလယ်တန်းဆင့်က စလို့
၁၀ တန်းရောက်ချိန်ထိ
မှတ်မိသမျှကို ဟာသသျှေရောပျာ
စာစု (၁) ကနိန် စာစု (၉) ထိ
တင်ပြခပါရေ။
ဖိဘုတ် သငေချင်းတိ
အရေးတယူဖတ်ပီး
မှတ်ချက်ပီး
ရီအက်သျှန်ပီးဂတ်စာ တွိရလို့
ဝမ်းသာပီတိ ‌ဖြစ်မိပါရေ။
အသိအမှတ်ပြုခြင်းခံရလို့လေး
စိတ်ကျေနပ်မှု ဖြစ်မိပါရေ။
မိသားစုတစ်ခုမာ အဖ ဆိုစော်
မိသားစုရှိဂ မမားမမတ် ရပ်နိန်သော
သူရဲကောင်းတစ်‌ယောက်။
မိသားစုအတွက်
ကြံစဉ်တွေးတောမှု
မှန်ကန်စွာ ဆုံးဖြတ်တတ်မှု
အဖဝတ္တရားကို
ပီပြင်အောင် တာဝန်ယူ
တာဝန်ခံတတ်မှု ရို့ရေ
ကျွန်ုပ်ပီးချင်ရေ “မက်ဆေ့”
ဖြစ်ပါရေ။
ကျွန်ုပ်ရေ
ရွာကျောင်းမာ ၇ တန်းထိ
စာသင်လို့ရပါရေ။
(ထိုအချိန်ဂ ရွာမာ ၇ တန်း
ရာဟိပါသိမ့်ရေ)
ရွာမာ ကျွန်ုပ်ရေ
ကျောင်းဆရာသားဆိုခါ
ကျန်သငေချင်းတိထက်
စာနာင့် ပိုနီးစပ်ပါရေ။
အတန်းတိုင်း ပထမရစာ
မဆန်း ဆိုစာကို
ဘာဘာ တွိမြင်နိန်လီပါဖို့။
ယေနာင့်
ပန်ဝန်းကျင်ပြောင်းလဲမှုကို
ဖန်တီးဖို့ ၅ တန်းအောင်စာနာင့်
မြို့ကျောင်းကို
ကျွန်ပ်မလားချင်သည့်တိုင်
ရယောင် ဖန်တီးပီးပါရေ။
မြို့ကျောင်းမာ
ပတ်ဝန်းကျင်အသစ်
သူငေချင်းအသစ် ရို့နာင့်
ပေါင်းသင်းနိန်ထိုင်တတ်လားပနာ
ရွာက ပညာရေးအဆင့်ကို ရဖို့
ကျွန်ုပ်ပိုကြိုးစားမှုကို
ဖန်တီးရပါ‌ရေ။
ရလေ့ရခပါရေ။
မြို့သျှေမှာ ပျော်ဖို့
ပညာရေးအဆင့်ရဖို့ကြံသိမ့်
မြိုးကြီးကို ပြောင်းပီးလိုက်ပါရေ။
မနိန်ချင်ကေ နိန်ချင်အောင်
ကြံဖန်ပီးပါရေ။
ပတ်ဝန်းကျင်အသစ်
ထပ်ပြောင်းပီးလိုက်ပါရေ။
ပိုလို့ ဆရာစုံလင်စွာနာင့်
သင်ကြားလေ့လာဇီပါရေ။
ကျွန်ပ် အသက်အရွယ်ရလာခါ
ဖခင်တစ်ယောက်၏
မိသားစု သူရဲကောင်းစိတ်ကို
လားမြင်ခီ ရေပိုင်သျှောင်
ဘာဘာရေ သူမဟိရေတနိန့်
အေ့ထက်မကသော
လောကဓံ အသစ် အသစ်တိကို
ကျွန်ုပ် ရင်ဆိုင် ဖြေရှင်း တတ်ယောင်
လမ်းပြ ဖခင်အဖြစ်
စံနမူနာပြပျာ
သင်ကြားလားစာလို့
ကျွန်ုပ် မြင်လာပါရေ။
ဘာဘာ ချစ်တေသား မှ
သားချစ်တေဘာဘာ သို့
အမှတ်တရ စာစုသျှေတိနာင့်
ကန်တော့ယင်း ...
(နောက်အတွိအကြုံတိရေ
ဘာဘာနာင့် မပတ်သက်သော
ကျွန်ုပ်၏ကိုယ်ပိုင်
အကြောင်းအရာတိရာ ဖြစ်ပါ၍
အလျဉ်းသင့်ခါ
ရွီးတင်ပီးပါမေလို့
ပြောကြားယင်း ...
အ’နုံး ကျန်းမာဂတ်ဘာဇီ)

Comments