ဆင်းရဲနာ
မောင်ကျွာလှ ထင်းစီးကို ချပျာ
ပတ်ဝန်းကျင်ကို
လေ့လာကြည့်လိုက်တေခါ
အနောက်တောင်ထောင့်ဂ
မိုးရိပ် တစ်ခဲ
မဲလို့ တက်လာစာကို
မြင်စာနင့် တစ်ပြိုင်တေး
ရာဟုဒုန့်ဂ
လျှပ်ဒေါင်စိတ်စာကိုဘာ
မြင်လိုက်ရရေ။
ရာသီချက်ချင်းပြောင်းလားလို့
အိမ်ကိုစိတ်မချ။
ထင်းစီးကို ပခန့် နခန့်
ကောက်ထမ်းပျာ
ရွာဖက်တို့
မပြီးရုံတမေ
အပြင်းလှမ်းလားလိုက်တေ။
အိမ်ရှိမာ ငခြောက်တစ်ဖျာ
လှမ်းထားခရေ။
နက်ဖန်ခါ မြို့ဂ
ပွဲစားဘားမာ
ယားငခြောက်ကို
လားသွင်းရဖို့။
ပိုက်စရိုင် ယူထားစာ
မကျီနိုင်သိမ့်။
ငခြောက်သွင်းပျာ
ပွဲစား ဘားဂ
ဖွေချာစကေ
ထပ်တောင်းလို့
အမိအတွက်
ဆီးဝယ်ချင်ရေ။
အမိတစ်ယောက်
ခြောင်းဆိုးနိန်စာ ကြာယာ။
ဗိန်းဒေါဆီးနာင့်
သက်သာဖို့လား ကြည့်ရေ။
မသက်သာ။
ညည့်တကိုင်ဂေ
ပိုဆိုးလာရေ မြင်လို့
စိတ်မကောင်း။
အမိဂတော့
ထုသားပီသား ရထားရေ
ဘဝသမားဆိုခါ
သူ့ရောဂါအကြောင်း
သားဘားမာ
တစ်ခွန်းလေ့ မဟ။
တစ်ခုလေ့ မခံစားရပိုင်ယာ။
သားပင်ပန်းစာကို
မမြင်ချင်စာလေ့ ပါဖို့။
အနောက်တောင်ဖက်က မိုးရိပ်ခဲ
မောင်ကျွာလှရို့
ရွာနားထက်တို့
ပါးပါလတ်လီ
မောင်ကျွာလှ
ခနှုတ် ယင်လီနာင့်ဘင်
မိုးဖွားချေတိ
ကျပါလာလတ်ယာ။
မောင်ကျွာလှ
ရွာဝင်ဝဂ
ကန်ဘောင်ထက်တို့
တက်သိမ့် တဝေါဝေါရွာချ
လိုက်တေမိုးရီ
မောင်ကျွလှရင်ကို
မအီးဇီရေအပြင်
အတ်ဆစ်ဘူးကို
လောင်းပလိုက်စာထက်
ပြင်းပိုင် ခံစားလိုက်ရရေ။

Comments
Post a Comment