သံယောဇဉ်
-----
ကျွန်ပ် ခွီးမွီးစပ်ဖို့
ဝါသနာပါခါ
ရွာဂ အိမ်မာ မဲလုံးကို
မွီးစပ်ထားရေ။
ကျွန်ပ် အိမ်မာမဟိချိန်
မဲလုံး အိမ်လမ်းဝမာ
ကျွန်ုပ် ပြန်မရောက်မချင်း
နိန်ရာယူလို့
စုန့်နိန်တတ်တေ။
ကျွန်ုပ် ပြန်လာခါ
ဂေါင်းလှုပ် ဖင်လှုပ်နာင့်
ပျော်စာမာ မရယာ။
---------
ကျန်ုပ်တို့ မိသားစု
ကျွန်ပ် ဘွဲ့ရပြီးနောက်
မြို့ကို ပြောင်းလာခါ
မဲလုံး မသိလိုက်။
မိုးတစ်ရက်မာ
ကျွန်ပ် ဖိုးဖိုး ဆုံးလို့
ရွာကို အသုဘအပို့
လားလို့ အပြန်ခါ ...
မြို့အဝင်စမာ
မြို့ခွီးတိ ဟောင်ဂတ်လို့
လှည့်ကြည့်လိုက်ခါ
ယာ ... မဲလုံး။
ဇာ့ပိုင် ခိုးလိုက်လာမသိ။
ကျွန်ပ်လေး
ဒုတ်တစ်ချောင်းကောက်ကိုင်ပျာ
မဲလုံးကို မြို့ခွီးတိအန္တရာယ်ဂ
ကာကွယ်ယင်းနာင့်
အိမ်ရောက်လာခါ
မဲလုံး ကကောင်းပျော်စာယာ
မနားယေ။
---------
တစ်ရက် ... ထိုတစ်ရက် ...
ကျွန်ုပ် ကျောင်းကပြန်လာခါ
အိမ်လှီဂါး အောက်မာ
မဲလုံး အကြောဆွဲနိန်ရာဂ
ကျွန်ုပ်အား
မျက်လုံးမာ မျက်ရည်တိယိုပနာ
ကြည့်နိန့်လို့
အမိကို "မဲလုံးဇာဖြစ်ချင့်" လို့
မိန်းကြည့်လိုက်ခါ
"မိုးသောက်
မင်းကျောင်းလားလောက်ကဘင်
ငါ့လေ့ထမင်းချက်နိန်လို့မမြင်လိုက်
မင်းအလာကို လမ်းဝဂ စောင့်နိန်ယင်း
စည်ပင်စီမံချက်မာ ပါလားရေ ဟိဖိုံ"
အဆိပ်မိနိန်ရေ မဲလုံး
ကျွန်ုပ် ရောက်ယောင်ထိစောင့်လို့
တဆတ်ဆတ် မျက်လုံးမှိတ်ပျာ
ဟိုး ...
အဝီး တစ်နိန်ရာသို့ ...

Comments
Post a Comment