ကျွန်ုပ်နာင့် ပစ္စုပ္ပန်များ (စာစု- ၅)

 


ကျွန်ုပ်နာင့် ပစ္စုပ္ပန်များ

------------
စာစု (၅)
ဆရာမ မေခလာရေ
ကျောင်းဝင်ခွင့်ရဖို့ ကူညီရေအပြင်
ကျွန်ုပ်အား သူ၏ အတန်းတွင်
နီရာချပီးရာ
ကိုစိုးနိုင်နာင့် ကိုနေဝင်းကြားမာ
ထိုင်ရပါရေ။
မုန့်စားလွတ်ချိန်တွင်
ကိုမြသာကျော်နာင့်
ကိုသိန်းမောင်ရို့က
တံတားကြီးရင်းက
ကိုမြသာကျော်အိမ်တို့
ခေါ်ယူလာပျာ မုန်းစားကတ်ပါရေ။
ကိုမြသာကျော် အိမ်ရေ
ကျွန်ုပ်၏ မိသားစုအိမ်ဖြစ်လားအောင်ထိ
ခင်မင်လားခပါယင့်။
ညပိုင်းကျောင်း
ပြန်တက်လာသော အခါဝယ် ...
ဆရာက
"ကော်လီဂျင် နေဝင်း ထ" ဆိုစာ
တစ်ခုကြားလိုက်ယင့်
အသူ့ကိုပြောမှန်း
ကျွန်ုပ်မသိ။
ဘေးနားက ကိုစိုးနိုင်က
လက်တို့ပနာ
"အကို့ကိုပြောစာချင့်
ထလိုက်" ဆိုလို့
ဇာမှန်းမသိ ထလိုက်တေခါ ...
မျက်စိ ပြာလား နနုန်း။
"စင်တီမီတာ ပါ စက္ကန့် စကွေး ဆိုစာ
အသူ့ယူနစ်လေး" ဆိုပနာ မိန်းယာမနားရေ။
ခထောက်မာ ကျုတ်တောင်မစင်သိမ့်
မေခလာဆရာမကျေးဇူးနာင့်
ပပူ လလောင် ကျောင်းဝင်ထားလူ
ဇဂ သိခီဖို့ ယေ။
ကိုစိုးနိုင်က တတိုးချေ "အရှိန်" ဆိုလို့
"ရှိန်" ပလိုက်မာ
တတေ့ကျလားလီယင့်။
(ပေါက်စီရောင်း အရှိန်လား
ခေါက်ဆွဲကျော် အရှိန်လား
ကျွန်ုပ် မသိစာ အမှန်ချင့်)
ကျောင်းဆင်းခါ စိတ်ညညစ်နာင့်
ထွက်ပြီးရဖို့လား
စိုင်းစားလာတုန်း
ကိုသိန်း‌မောင်ဂ
"အကို ကျူရှင်ဇာမာတက်လေ" လတ်
"ကျွန်တော်တစ်ခုလေ့မသိ ကိုး" ဆိုမာ
ထိုဆရာ ကျူရှင်တက်ဖို့
စမ်းစာချင့် ယင်းမာတက်လိုက်" အကြံပီးလို့ ...
ညဇာသား ကိုသိန်းမောင်နာင့်
ဆရာ့အိမ် လားပျာ
ပြောရယာမနားယေ ...
အူး ... သီရဖို့
ကျူရှင်ဆွယ်စာ
ကျွန်ုပ်ရို့ ခေတ်ကဘင်
ဟိခလီယင့်ယေနာင်း ...
(နောက်ပိုင်းမာတော့
ဆရာနာင့် ကကောင်းရင်းနီး
ခင်မင် လားပါရေ။ ဆရာက
တပည့်တိကို ရရင်းနနီး နပ်ယောင်ဂါး
ခံတတ်ပါရေ။ ကျွန်ုပ် ယင်းနိန့်ဂ
စိတ်ဆိုးမာန်ပါ ပြစ်မှားမိခဂေ
ဒေစာစုနာင့် ကန်တော့ပါရေ ဆရာ။
ဆရာရောက်လီရာဂ ပီတိဖြာဝီ
သာဓုခေါ်နိုင်ဘာဇီ

Comments