ကိုယ့်ရွာနာင့် ကိုယ့်ဇာတ် (စာတိုချေ- ၁)

 ကိုယ့်ရွာနာင့် ကိုယ့်ဇာတ်

---------------------


စာတိုချေ (၁)

ကမ္ဘာကြီး ရွာမဖြစ်ခင်တုန်းဂ ...
“ကမ္ဘာကြီးသည်
နေကို လှည့်ပတ်နေပြီး
မိမိဝင်ရိုးပေါ်တွင်
၂၃ နှစ်ပိုင်းတစ်ပိုင်း
ဒီဂရီတိမ်းစောင်းလျှက်
၂၄ နာရီတွင် တစ်ပတ်
လည်ပတ်နေ၏” ပထဝီကို
ဖင်ပြူးပါယောင် အော်တုန်း
ချိန်ခါဂ ...
အဂုကမ္ဘာကြီး ရွာဖြစ်လားခါ
စောင်းလား လည်လား
ပတ်လား မမြင်လိုက်ရယာ ...
__________________

“မမဲဂျီ” တစ်ယောက်
“ကာလာ” မပေါ်ရေ
သရက်ထည်ထပိန်ကို
ရင်ကန့်ပျာ
ဆန်ဒွါးဂ ဆန်လက်ကျန်ကို
ခြစ်ခြာကျုံးယူလိုက်ခါ
တစ်ဗူးမပြည့်တပြည့်
သုံးပေါ်လောက်ရရေ။
ရလာရေဆန်နင့် “ဆန်ခြင်ဗူး”ကို
ဘယ်လက်မာ ကိုင်လို့
အာပြဲပါယောင်ငိုနိန်ရေ သားကို
ယာဘက်ခါးထစ်မာ ရွက်ပျာ
ရွာလယ်ဂ ဆိုင်တို့
လားနိန်ရေ။
ဆိုင်တို့ရောက်ခါ
“အဘောင်ချေ” ဘားဂ
“ထညက်” “ဆန်ဗူးသုံးပေါ်” ဖိုးဝယ်လို့
တစ်ခဲကို သားကိုပီး
ကျန်တစ်ခဲကို
အဘောင်ချေရို့ ဝါကြီးမတိသောက်နိန်ရေ
“အဖန်ရေဘဲ” ဂ တစ်ခွက်ခပ်ပျာ
ကိုယ်လဲသောက်လို့ ကုန်စာနာင့်
အိမ်တို့ပြန်လာလတ်တေ။
အိမ်ကိုရောက်ခါ
“ထညက်” ရလို့ အငိုတိတ်လားရေသားကို
“ဒေါင်းပြောက်ခုန်တမ်း” ကစပ်နိန်ရေ
အကြီးမ အနားမာထားခပျာ
ပန်းတူမာ ဆီးတစ်အိုးထည့် ...
“ဆဖြာဆိုးချေ” နာင့် “ဒမချေ”ကိုယူလို့
“သင်္ချိုင်း” နားဂ “ကမ်းပိုင်ဖျား” တို့
အိုင်ပစ်ဖို့ လားလီယင့်။
အိုင်ပစ်လို့ ရလာရေငါးတိကို
“လမန်စွယ်” တပင်နန့်
တန်းသီထိုးထားပြီးဂေ
သင်္ချိုင်းတောဂ
“သပေါက်စာ” တစ်ထမ်းစာ ခွတ်လို့
အိမ်ပြန်လာစာရေ
မမဲဂျီ၏ နိန့်စိုင်လုပ်နိန်ကျ
အချိန်ဇယား ယာယေ။
--------------------
မမဲဂျီရေ
ရလာရေ ငါးတိကို
နိန်ဝင်ဒရူးမာ
ရွာထဲဂ
ဝယ်နိန်ကျ အိမ်တိကိုပတ်လို့
ဆန်နာင့် ရောင်းချလိုက်တေ။
ရလာရေဆန်ထဲဂ
အဘောင်ချေဆိုင်မာ
ကြက်သွန် ငရုပ်
တစ်ချက်စာဝယ်လို့
အိမ်ရောက်ခါ
ချက်ပြုတ်ပြီးစာနင့်
စဖိုဘေးနားဂ
မိသားစုထမင်းဝိုင်း
တစ်ရက်တာ ပြီးလားဂတ်ယာ။
---------------------
ညဇာသား အချေအိပ်စာနာင့်
မမဲဂျီတစ်ယာက်
အိမ်မောင်းဂါ အောက်မာ
သဘောက်စာဖျင်
သ‌ဘောက် တထည် ပြီးအောင်ရက်
မိုးသောက်ခါ ကုတိုးသေနာင့်
မြို့မာ ရောင်းဖို့ဆောင်းပါးထည့်လို့
ရလာရေ ဖွေချာကို
‌”ဖျားတရိ နာတရာ” ဖြစ်လာဂေ
ထိုဖက်ရွာဂ
ဆီးသမားဘားမာ
ဆီးချေ ယက်ချေ ထိုးဖို့
ဝလုံးခေါင်ထဲ ထည့်ထားကေ
မမဲဂျီမာ ဘဝပြည့်စုံနိန်ယာပိုင် ခံစားမိရေ။
-------------------
မမဲဂျီအတွက်
ဘဝဆိုစာ ပပါးချေဖြစ်တေပိုင်
မမဲဂျီနိန်ရေရွာလေး
မမဲဂျီ အတွက်
အားကိုးရဆုံး
ကမ္ဘာကြီး ဆိုစာ ..

Comments