ကျွန်ုပ်နာင့် ပစ္စုပ္ပန်များ
------------
စာစု (၄)
ဘာဘာနာင့် အမိရို့မာ
သားချစ်အတွက်
ဇာ့ပိုင် ပလန်ချထားဂတ်တေ
ကျွန်ုပ်မသိ။
၈ တန်းအောင်လို့
ကျောင်းပြန်ဖွင့်ရေ ဇွန်လ
ပထမအပတ်မာ
ဆိုင်းမဆင့် ဗုံမဆင့်
ကျောင်းထွက်လက်မှတ်တောင်းပျာ
ရခိုင်တိုင်းမြို့တော်ကို
(ယင်းခါ ပြည်နယ်မဟုတ်သိမ့်)
ဘာဘာနန့် အထုပ်ဆွဲလို့
လိုက်ပါလားရရေ၊
မိဇံကုလားချောင်းဘေးက
ဘာဘာ သ ငေ ချင်းအိမ်မှာ
ချီပခပနာ
နောက်တစ်ရက်ခါ
အထက(၂)ကို
သားဖနှစ်ယောက်
လားဂတ်တေခါ
ကျောင်းရုံးခန်းမာ
ဆရာဘုတ်ဖားတစ်ယောက်
"ရလေ" စက်သီးကို သ'နီရာဂ
"ဇာလား ကိုး"
ဘာဘာဂ "သားချေကို
ကျောင်းအပ်ချင်လို့ပါ" ဆိုမာ
"မရယာ ဒေကျောင်းမာ
တခြားကျောင်း လားလီ"
ယပိုင်လတ်ထော။
ဆက်ပြောသိမ့်ယင့်
"ကျောင်းဖွင့် စော် တစ်ပတ်ရှိဗျာယ်
ဂုမ ကျွန်းဂ လာလို့ ရဖို့လား"
ယင်းအချိန်ခါ
ကျွန်ုပ်တို့အတွက်
မေခလာ ပိုင်သျှောင်
ကူဖို့ ဆရာမ
ဆတ် ဆတ်နာင့် ရုံးခန်းဝင်လာပနာ
"ဇာဖြစ် ဆရာ" လို့မိန်းခါ ...
ဘာဘာဂ ဖြတ်ပနာ
"သားချေတစ်ယောက်
ကျောင်းအပ်ချင်လို့ပါ ဆရာမ" လို့
ပြောခါ ...
ထိုဘုတ်ဖားဆရာ ဘာဘာကို
စောင်းထားထော ...
ဆရာမ မေခလာဂ
"တီစီ တစ်ချက်ကြည့်ပါမေ အခင်"
ဆိုခါ ဘာဘာဂ
တီစီပီးလိုက်ခါ မှာတော့ ...
"အူး ... ဒေအချေ
ကျောင်းကို ဂုဏ်ပီးဖို့လာစာချင့်
သင်္ချာ ဂုဏ်ထူးနာင့် အောင်လာစာ"
"လာ အခင် အကျွန်နန့် လိုက်ခ"
ပြောပျာ ဆရာကြီးဘားတို့
ခေါ်ယူလားခါမ ...
သားဖနှစ်ယောက် အသက်ရှူ
ပြောင့်လားပါရေ
လူရို့လိုင်။
(ထိုမေခလာ ဆရာမသည်
ဆရာမဒေါ်စောမေ ဖြစ်ပါရေ။
ယင်းကျေးဇူး ဆရာမနီမကောင်းဖြစ်ခါ
ကွယ်လွန်သည်အထိ ဆီးဖိုးတစ်လစာစီ
ကူညီကန်တော့ခပါရေ။ ဆရာဘုတ်ဖား
နာမေတော့မပြောပါယာ။
အထက ၂ ထွက်ဆိုဂေ
"ရလေ" စက်သီးကို
ပြောင်ပါအောင်တိုက်လို့
စီးရေဆရာကို
သိဂတ်လီပါဖို့ယာ နာင်း)

Comments
Post a Comment