ကျွန်ုပ်နာင့် ပစ္စုပ္ပန်များ
------------
စာစု (၈)
ဝါထွက်နိန့် ဘာဘာနာင့် အမိ
ကျောင်းက ပြန်ရောက်စာနင့်
သားတော်မောင်ကို မြင်ချင်း
တစ်ခုတော့ တစ်ခုယာ လို့
တွေးလီဂတ်ဖို့ထင်ပါယင့်။
မျက်နှာ မလှချင်ဂတ်လေး။
အမိဂ
“မောင်မောင်
ဝါဝင်လို့ လာစာလာ” ယပိုင်သိမ့်။
အစ်မလတ်ဂ
“အမိသား ထွက်ပြီးလာစာချင့်” လို့ပြောခါ
ကောင်းအံ့သြပုံမပြလေး။
မျှော်လင့်ပြီးသား။ ယပိုင်ဟိလီ ဖို့။
ဘာဘာတော့ တခွန်းပြောရေ။
“ဒေတစ်နှစ် နိန်ပလိုက်ဖိ မောင်မောင်။
စားစရိတ် စပါး ၁၀၀ အတွက်
ဆန် အတောင်း ၅၀ ပီးထားယာ
ဖြစ်လို့” ဆိုစာနင့် ...
ကျွန်ုပ် ခမောက်ဆောင်းပနာ
လယ်စင်ကို လားယာမနားယေ။
ပဇ ဂလေ့
“လယ်ထွန်ခီဖို့ ယာ အမေလတ်” လို့
အစ်မလတ်ကို ပြောသလိုလိုနာင့် ယင်။
အခုခေတ်မာဆိုဂေ “စီဒီအမ်” လုပ်စာချင့်။
--------------------------
နောက် ၃ ရက်ကြာခါ လယ်ပြင်ကို
စကားမှာရောက်လာရေ။
နောက်တစ်အိမ်မှာထားဖို့လို့ လေး။
ဒုတိယကမ္ဘာစစ်ဖြစ်တုန်း
ရွာမှာ စစ်ရှောင်နိန်လာရေ
အမိနာင့် ကစပ်ဖက် ဘောက်သီးစု
ရွာကြီးလမ်းဂ
အိမ်မာနိန်ဖို့ကျလားရေ။
ယင်းအိမ်မာ ကိုယ့်ရွာဂ
ညီအစ်ကိုဝမ်းကွဲတော်ရေ
ကိုဦးစံသိန်းလေ့ ဟိရေ။
သူက ၁၀ တန်းအောင်ပြီးသား။
နောက် တိရိစ္ဆာန်ဆရာဝန်
သင်တန်းပါလားရေ။
အဖိုးနာင့် အဘောင်မာ
သားလေ့တစ်ယောက်
တက္ကသိုလ်တက်နိန်ရေ။
သူ့ကို သူ့အပေါင်းအသင်းတိဂ
နခမ်းမွှီး လှမောင်လို့
ခေါ်ဂတ်မြင့်ယင့်။
_________________
ကျွန်ုပ် အနုပညာ
ပိုးတော့ ဟိရေ။
မထွန်းပေါက်။
ဝိဇ္ဇာတန်းက မောင်အေးထွေးနာင့်
ပေါင်းပျာ ကိုကျော်ဝင်းအိမ်မာ
ပန်းချီ လေ့လာရေ။
ယေနာင့် သူများဆွဲ ပန်းချီကို
“ပါစပတ်တေ့” မကျ
“တုန်း” မညီ ဝေဖန်တတ်တေ။
ကိုယ့်ကျ ဟုတ်တိပတ်တိ
ပန်းချီဆရာ မဖြစ် ခ။
ရက္ကန်းကျောင်းဂ
မင်းပြား-မင်းသိန်းထွဏ်း
အောင်ကျော်ညွန့် (မြောင်းဘွေ) ရို့နာင့်
ပေါင်းပျာ ကဗျာတိ
ဝေဖန်ဂတ်တေ။
ပပစ်နနစ် ဝေဖန်ရီး ဆရာ
ဖြစ်မလာ ခ။
ကျောင်းမာတော့
စစ်တွေ-မြစောခိုင် ( ပံသုခင်)
ဂေါယာမြေ- စောဝင်း
စစ်တွေ- ခိုင်သာမိုး
မြင့်ကျော်လှိုင်
ရက္ခ- စောမြတ်နောင်
(မြတ်စော- ရခိုင်ပြည်) ရို့တိ
မြန်မာစာဆရာမနာင့်
ဦးစီးထုတ်တေ နံရံကပ်စာစောင် မာ
ကဗျာသျှေတိ တည့်ပီးရေ။
သူရို့တိ ကဗျာဆရာ/
စာရွီးဆရာဖြစ်လားခဂတ်တေ။
ကျွန်ုပ်ကား အပျော်ထမ်း
ဝါသနာသျှင် အဆင့်ဂ
မတက်လီခ။
စစ်တွေ- သိန်းနောင် ဖန်တီးရေ
လမ်းသစ် စာကြည့်တိုက်
နံရံကပ်စာစောင်
လမ်းသစ်စာစဉ် အမှတ် (၁)၊(၂)
ဆောင်းဦးရင်ခွင်
စစ်တွေ- ခိုင်သာမိုးရို့ ထုတ်တေ
မျက်လုံး တစ်ထောင်
ဘောလုံးကွင်းလူငယ်သျှေတိထုတ်တေ
“သဇင်မြိုင်” နံရံကပ်စာစောင် ရို့တိမာ
ကဗျာသျှေတိပါဖူးယင့်။
ကိုယ်ပိုင် ထုတ်နိုင်ယောင်ထိ မရွီးနိုင်ခ။
ရွီးနိုင်သူရို့ကို အားပီး အားကျ
မုတိတာပွားပနာ ...
(မိုးအအီးသျှေနာင့်
အဂု ပစ္စုပ္ပန်မာ
အေစာစုကို ဖိချဘုတ်က
ငေချင်းတိဖတ်ဖို့
ရွီးပနာ တင်လိုက်ပါယင့် နာင်း)

Comments
Post a Comment