ကျွန်ုပ်နာင့် ပစ္စုပ္ပန်များ (စာစု- ၆)

 


ကျွန်ုပ်နာင့် ပစ္စုပ္ပန်များ

------------
စာစု (၆)
ကျွန်ုပ်သည် အရီး မ‌ နှောင်း
ပဲစိ ပဲလှော် စားလို့
ပန်လင်တောမာ
လီခံတတ်လာပါပျာ။
တနင်္ဂနွီရက်တိုင်ဂေ
ပွိန့်ကို လားလို့ ခြီနီပါပျာ။
မစောနု လှသိန်းနု
မသန်းအေး တင်တင်ဦးရို့ပိုင်
မမသျှေသငေချင်းတိနာင့်
ရင်းနီးနိန်ပါပျာ။
မထွားခင် အေးခင်ကျော့ရို့ပိုင်
ဒိုး ဒိုး ဒေါက် ဒေါက် ရို့နာင့်
ခင်လို့ အဆင်ပြေနိန်ပါပျာ။
သာစိန်ဦး ဦးသိန်းထွန်း
ကိုလေး ရို့ပိုင်
လရှုပ်ရို့နင့် နှုန်းလို့
ရှုပ်တတ်နိန်ပါပျာ။
မာန်အောင်သား သန်းဖေ
ကိုသာထွန်းအောင်ရို့ပိုင်
စာဂျပိုးရို့နာင့်ပြိုင်လို့
သင်္ချာတွက်တတ်နိန်ပါပျာ။
ကိုစိုးနိုင် ကိုနေဝင်းရို့နန့်အတူ
နပ်ယောင်းဂါး လုပ်တတ်ပါ‌ပျာ။
ကိုဘသိန်း ကိုအေးမော်
ကိုကြီး အောင်မြင့်ရို့ပိုင်
လပျိုတိနာင့်ပေါင်းလို့
စော်ချိတ် တတ််နိန်ပါပျာ။
ပွိန့် နားက သဲပြင်မာ
ကိုမြသာကျော် အပင်ပန်းခံ
သင်ပီးလို့ စက်သီးလေး
စီးတတ်နိန်ပါပျာ။
ကျွန်ပ် မြို့သားဖြစ်ဖို့နီးခါမ
ရွာကို ထွက်ပြီးဖို့
အကြောင်းအရာတစ်ခု
ဗြတ်နာင့်ဘင် ဖြစ်ပေါ်လာပါရေ။
(စကားအသုံးအနှုံးကို ကိုယ့်ရွာ
ဒေသိယအသုံး အတတ်နိုင်ဆုံး
သုံးထားလို့ ကြိုးစားဖတ်ပီးကတ်ပါ

Comments