ကျွန်ုပ်နာင့် ပစ္စုပ္ပန်များ (စာစု- ၇)

 


ကျွန်ုပ်နာင့် ပစ္စုပ္ပန်များ

------------
စာစု (၇)
ကျွန်ပ်နေသော မိဇံ
ကုလားချောင်းဘေးက အိမ်တိမာ
ယင်းအခါက “ချဖောင်သာ” မဟိဂတ်ပါ။
“ချီးစိုက်ချိန်” ကို ဖြားနာင့်လိုက်လို့
စိုက်ရပါရေ။
ဖြားကျချိန် အုပ်ပေါင်ဘေးမာ
မိန်းမ ယောက်ျား အချေ အကြီး
ဝစိပ်ခြမ်း တစ်ခုစီကိုင်လို့
တန်းစီပနာ
တစ်ယောက်ကို တစ်ယောက်
မကြည့်တမ်း ချီးစိုက်ဂတ်ရပါရေ။
ကျွန်ုပ် ရောက်စခါ ရှက်လို့
အုန့် ထားနိုင်ဂေလေး
ကြာလာခါ အကျင့်လုပ်ယူလို့
အဆင်ပြေလားပါရေ။
သို့ သော် ...
ထိုသို့သော်သည်
ကျွန်ုပ်ထွက်ပြီးဖို့
သို့သော် ... ဖြစ်ပေ၏။
-----------------
ဝါမဝင်ခင် တစ်ရက်နိန့်ခါ
ကျွန်ုပ် ဝမ်းကျပါရေ။
ကုလားချောင်းမာ
ဖြကြီးဖြားကလေ့
မုတ်သုန်လီ အားကိုးနန့်
သောင်းကျန်းနီခါ
ကျွန်ုပ် “ချငန်းလိုက်” လို့
ဇာ့ပိုင်ခံစားလီရဖို့လေးဆိုစာ
စိုင်းစား လီဂတ်ဖိချက်။
မထူးရေအခြေအနေရောက်လာခါ
အိပ်ရာမာ ခြင်ထောင်ချ
သတင်းစာ ၅ အုပ်ထပ်
ချူချူကျဖို့နိန်ရာမာ
သံဗျတစ်ခုထားပနာ
ဖြေရှင်းပလိုက်ခါမ
အောင့်ခံထားလို့ နှစ်ခေါက်ကျိုးနိန်
ဝမ်းဗျိုင်းသား
စန့်လားလီပါရေ ယေ။
(ချူချူကျဖို့နိန်ရာမာ သံဗျထားဖို့
သတိရခီစာ စာဖတ်တေကျေးဇူးလို့
ပြောဂေမမှားပါချင့်။
ဦးပေါ်ဦးကို မင်းတရားကြီး
အမျက်တော်ရှလို့
တစ်နန်းလုံးလူတိ
ပေါ်ဦးအိမ်ရှိ “ချီးစိုက်ခီ” လို့
အမိန့်တော်ချမှတ်ခါ ...
ဦးပေါ်ဦးဂ “ချစိုက်”လာသူတိကို
အမိန်တော်ကို ဦးထိပ်ထားလျှက်
“ချီးတစ်ခုဒေး စိုက်ကတ်”
“သီး တစ်စက်လေး မထွက်စီရ”
လို့ ပြောစာကို ဖတ်ဖူးရေ
ကျေးဇူးပါ ယေ။)
___________
နောက်နိန့် ဝါဦးလပြည့် မာ
စျီး ဖောင်တော်ကို လားပနာ
ကုတိုးလောင်း မေသေဟိဖို့လား
ဆင်းကြည့်ခီခါ
အစ်ကိုသာဇံလှနာင့် ကိုစိန်သာဗန်း
လောင်းချေတစ်စီးနာင့်
ငါးရောင်းလာစာ လားတွိလို့
ပျော်လိုက်စာ မရယာ။
အစ်ကိုသာဇံလှဂ
“မင်း လိုက်ဝံ့ဖို့လား
လောင်းကငယ်
လီကပြင်း
လှိုင်းကကြီးနာင့်”
“ကျချင်ပိုင်ကျ လိုက်ဖို့ အကိုး” ဆိုမာ
“မင်းဖ ဆဲကေ မင်းတာဝန်ဒေဂါး”
ဝန်ခံနာင့် လိုက်ခွင့်ရပါရေ။
(ဘာဘာဂ သူရို့ဆရာဖြစ်ခခါ
ကြောက်ဂတ်လို့ပါ)
လောင်းချေကို
စျီးဖောင်တော်က
ကြို့ဖြုတ်လို့
ရွက်ထောင်လိုက်စာနာင့်
လှိုင်းထက်မာ တစ်ပျောက် ပျောက် ခုံပနာ
ပျံနိန်လားလို့ မှတ်ရပါရေ။
အဝါ အဆာ နင့်
အဂုခေတ် စပိ့ဘုတ်ထက်ဘင်
လျင်ဖို့ပိုင် တွိပါယင့်။
‌-------------------
အိမ်ကိုရောက်ခါ
ဘာဘာနာင့် အမိ ဘုန်းကြီးကျောင်းမာ
ဝဘုတ်စုန့် နိန်လို့
အိမ် မာ မဟိ။
အစ်မလတ် ရက္ကန်း ရက်နိန်ရာဂ
“ဇာလေ အရာ ထွက်ပြီးလာယာ လာ”
လို့ ထွက်ပြီးစာ "စငုတ်ကျ" နီခါယင်
အထာသိနိန် စကားနာင့်
ကြိုဆိုခြင်းကို ခံယူယင်း ...
(ဖြစ်ရပ်မှန်မို့ စကားလုံးစကေ
ရိုင်းစာကို နားလည်ခွင့်ပြု
ပီးဂတ်ပါ ချက်

Comments