ကိုယ့်ရွာနာင့် ကိုယ့်ဇာတ် - ၂ (စာတိုချေ -က)

 ကိုယ့်ရွာနာင့် ကိုယ့်ဇာတ် - ၂

-------------------------------


စာတိုချေ (က)
နွီကူးယာဆိုခါ
ကမ်းပိုင်ဖျားမာ
ရီခမ်းစပြုယာ။
သင်္ချိုင်းတောဂ
သဘောက်စာ အတိုငုတ်တိကို
မမဲဂျီ တစ်ယောက်
ဂုတ်ဖော်ဖို့ မအားခွတ်နိန်ရေ။
‌ဒေသင်္ချိုင်းနားဂ
သဘောက်စာတော မပြုန်းသရွီ
မမဲဂျီရို့ မိသားစု ထမင်းမငတ်။
တစ်ဖက်ကမ်းဂ ဒဗြုတ်ပင်အောက်မာ
လီသသွတ်ချေနာင့်
အစ်ကို ကုလားရို့ အုပ်စုကစပ်နိန်ရေ
ဖဲဝိုင်းက အသံတိကို လီသင့်ဂေ
“အလိုင်းလိုင်း” ကြားနိန်ရရေ။
ရွာဂလူတစ်ချို့ဆိုဂေ
သင်္ချိုင်းနားဂ ဖြတ်လားဖြတ်လာလုပ်ဖို့စာကို
ကြောက်စာတစ်မျိုး ...
စိတ်မသဒီစရာ ဖြစ်စာတစ်မျိုး ...
မမဲဂျီဂတော့
အိမ်ဦးနာင့် ကြမ်းပြင်
ဖြစ်လားခယာ။
မဖြစ်လို့လေး မရယာယေ ...
ဒေတော ဒေကမ်းပိုင် ဂ
မိသားစုကို ထမင်းကျွေးနိန်စာ မနား။
---------------
သဘောက်စာငုတ်ခွတ်လို့ ပြီးဂေ
ညည့်ခါ သဘောက်ရက်ဖို့
သဘောက်စာရွက် တစ်ထမ်းစာခွတ်လို့
“မျောက်ကြိမ်နွယ်” နာင်းစည်းထားလိုက်တေ။
အိမ်အပြန်မာ
အလိုက်သင့် ထမ်းယူလားဖို့။
ခွတ်ထားရေ သဘောက်စာငုတ်တိကို
ဒူးဆစ်လောက်မြုပ်တေရီမာ
တစ်ငုတ်ချင်း
“သဘောက်စာခြုံချေ” တစ်ခုနာင့်တူယောင်
စိုက်တေ။
“ဝါးနှစ်ပြန်” လောက်စိုက်ပြီးခါ
ညဇာဂ ညဦးသားဂဘင်
ထမင်းအကျန်တိကို
“ဆံမုန့်” နာင့်ရောနယ်ထားရေ
ငါးအစာကို အဆုပ်လုပ်လို့
ရီထဲဂ သဘောက်စာခြုံထဲ
ပစ်ထည့်ထားလိုက်တေ။
အေ့ပိုင်သျှောင်
သုံးရက်တစ်ခါလောက်စီ
သဘောက်စာရွက် ခွတ်ယင်းပင်း
ကြဲထားခရေ။
ကိစ္စကျီဂေ
သဘောက်စာရွက် အစည်းကို
ရီမာ မျှောယူပျာ …
“လမန်စွယ်” တစ်ပင်ကို
ပါးစ မာ ကိုက်လို့
“ကမ်းပိုင်ဖျား” ဂနိန်
ရွာတရောက်ထိ
“ငယက်” “နှိုက်” လားစာ
အိမ်ကိုရောက်ခါ
“တစ်တန်းသိမ်” အပြည့်ယာယေ။
ငါးတိ "လလတ်ဆဆတ်" စားဂတ်ရလို့
မမဲဂျီ သားသမီး ၂ ယောက်ဆိုဂေ
သူ့အရွယ်နာင့် သူ
အားချေ ခွန်ချေ နာင့်
ကျန်းမာဂတ်တေ ...
မမဲဂျီ တစ်ယောက်
အိမ် မောင်းဂါအောက်တို့ ဝင်ချိန်ရေ
အနောက်ဖက်ဂ နီလုံကြီးး
ကမ်းပိုင် ထိုဖက်ကမ်းဂ
“သင်းပန်းခြုံ” ထက်မာ “မိတ်တင်” ပျာ
မမဲဂျီကို အားပီးနိန်လီယင့် ...

Comments