ကိုယ့်ရွာနာင့် ကိုယ်ဇာတ်- ၂ (စာတိုချေ- ခ)

 ကိုယ့်ရွာနာင့် ကိုယ်ဇာတ်- ၂

-------------------------


စာတိုချေ (ခ)
တပေါင်းလ ဆန်းစ
မွန်းတည့် နီပူကို
ဒယောဆိုးတစ်ထည်
မိတ်မာသိုင်းချိုင်လို့ အံတုပျာ
မမဲဂျီတစ်ယောက်
ထိုတစ်ပတ်က ချထားခရေ
ခြုံကိုဖော်ဖို့
စဖျာဆိုးချေတစ်လက်နာင့်
ခြုံပြင်က ပတ်လို့
ကမ်းသားဆည်နီယင်း
အတွေးနယ်ချဲ့နိန်လီရေ။
“သဘောက်” ရက်လို့
ရောင်းရ တန်းဂါးကို
“ကသောင်းဝါးပိုင်း” မာ
ထည့်ထား‌ရေ ရည်ရွယ်ချက်က
သားချေကို မောင်သျှင် ဝတ်ချင်လို့ ...
ငါးရောင်းရစော်နာင့် မ‌ရောဘဲ
သသန့်သျှသျှင်း ဖြစ်စီချင်ရေ ဆန္ဒ ...
သူ့ချစ်သူ စိန်ဂျုအတွက်
သားကိုသျှင်သွင်းပျာ
အမျှအတန်းဝီချင်စာက
အန္ဒိမ ရည်မှန်းချက် ...
ကန်သင်းဆည်လို့ ပြီးခါ
သဘောက်စာငုတ်တိကို
ယူလို့ တစ်နီရာမာ ပုံထားလိုက်တေ။
နောက်တစ်ခြုံချခါ သုံးဖို့ ...
သဘောက်စာငုတ်တိ ကုန်လားခါ
ပါလာရေ ရီဘူးကရီကို သောက်ပျာ
ဒယောဆိုးချေနာင့်
နဖူးကချွေးတိသုတ်လို့
ခမောင်းပင်အောက်မာ
ပန်းတူ” ဆီးတစ်အိုးဖြည့်ပျာ
ထိုင်နိန်ယက်ပင်း သောက်လို့
အိုင်ကိုကြည့်နိန်စာ
ငါးပွက်နိန်စာတိကို မြင်နိန်ရခါ ...
အတွေးနာင့် အစီအစိုင်ချနိန်မိရေ။
ငခလေး (ရီချိုငခူ) တိကို
ထိုဖက်ရွာက အခင်ဆီးသမား
မှာထားရေ။
အခင်ဆီးသမား ငခလေး
ကကောင်းကြိုက်တေ။
ရသလောက်ကို ယူဖို့ပြောထားယင့် ...
ငစရိုင်းအော်ကျယ်တိကို
ဆိုင်သေမ အဘောင်ချေအိမ်သား ယူဖို့
ခြုံချနိန့်ကဘင် ပြောထားပြီးသား ...
ငရံ့ဒိုင်းတိကိုတော့
အစ်ကို သာလှရို့နာင့်
မြို့ဈီးမာရောင်းဖို့
ဆောင်းပါးထည့်လိုက်ဖို့ ...
မြို့သားကြိုက်တိမနား
ဈီးကောင်းရရေလေ။
ပဇွန် အကြီးအငယ်အရောရောကိုဒေါ့
အစ်ကိုကုလားရို့ ဖဲဝိုင်းမာ
ပီးထားခရဖို့ ...
ကျန်ငါးချေတိ အရောရောကို
အိမ်မာစားဖို့ ချန်ထားလိုက်မေ ...
-------------------
“ပန်းတူ” “ဆီးတစ်အိုးသောက်” ကုန်စာနာင့်
မမဲဂျီ အိုင်ပစ်ဖို့စယာ ...
ပျင်းဖို့ကောင်းရေ
တပေါင်းလ မွန်စောင်းချိန်မာ
သင်္ချိုင်းတောက အစ်ကိုကုလားရို့
ဖဲသမတိ အော်သံ အလိုင်းလိုင်းနာင့်
စည်းချက်ညညီထွက်နိန်ရေ
မမဲဂျီ အိုင်ပစ်သံ ရို့က လွှမ်းမိုးနိန်ရေ။
အိုင်မာရီ စလို့ခမ်းဖို့ပျင်စာနာင့်
ရီကျဖို့နီရာမာ ယက်သဲ့ခံလို့
ထားလိုက်တေ ...
ငခုံးမချေတိ ပါလားတတ်လို့။
--------------
ငါးဖမ်းလို့ပြီးခါ
တပေါင်းလ ကျနီ
ရရဲချေအောက်မာ
မမဲဂျီ တစ်ယောက်
ငါးတောင်းကိုထမ်းလို့ ...
“ဘဝဆိုစာ နိန်တတ်ကေ
ပြည့်စုံနိန်ရေ “ ဆိုစာ
မမဲဂျီ၏ ဘဝဒသနဆို‌ဂေ ...

Comments